မအူပင်မြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ် အရှေ့ကျေးရွာရှိ ကွင်းအမှတ် (၉၅၆)၊ ဦးပိုင်အမှတ် (၅၆/၂)၊ တောင်သူ ဦးကျော်စွာဝင်း၏ စိုက်ပျိုးမြေ (၃)ဧကတွင် ဆာဖိုးသာစပါးမျိုးအား ယနေ့နံနက် (၁၀) နာရီက အမှတ်(၁၉) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်သည်။