ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက အိမ်မဲမြို့တွင် ကျေးရွာများသို့ ကွင်းဆင်း
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းနှင့် တာဝန်ရှိသူများက အိမ်မဲမြို့တွင် အမျိုးသမီးရေးရာအဖွဲ့မှ အသေးစားချေးငွေထုတ်ချေးထားသော လုပ်ငန်းများ တိုးတက်မှုအခြေအနေအား ကြည့်ရှုရန် ကျေးရွာများ၌ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။