ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကျုံပျော်ခရိုင်အတွင်းရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကျုံပျော်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ကျုံပျော်ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျုံပျော်ခရိုင် ၃ မြို့နယ်အတွင်းရှိ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနား ကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၂၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင် အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေပေးကြောင်း သိရသည်။

မြောင်းမြတွင်ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ပြင်ရွာကျေးရွာအုပ်စု၊ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက် မေမေ့သားဆန်စက် မြစ်ရေပြင်ကမ်းနားတွင် ယနေ့နံနက် (၁၀)နာရီ အချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်သည်။

ကျိုက်လတ်၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၂) နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရက်(၁၀၀)စီမံချက်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃နာရီက ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်သုံးစွဲမှုဆိုင်ရာ အသိပညာပေး လိုက်လံနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်သုံးစွဲမှုဆိုင်ရာ အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ရွှေသောင်ယံမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများမှ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် အသင်းသား တောင်သူများအား သွင်းအားစုပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ တိုင်းဒေသကြီး ဘတ်ဂျတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော အသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ပွဲကိုယမန်နေ့နံနက် ၁၀ နာရီခွဲက ဆီဆုံကုန်းကျေးရွာ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာ မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ည‌နေ (၄)အချိန်က စိမ်းလဲ့ရေကြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဝါးခမောက်၊ နှီးဦးထုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှလက်မှုရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝါးခမောက်၊ နှီးဦးထုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂း၀၀)နာရီက မအူကုန်အုပ်စု၊ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး