ကျုံပျော် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကျုံပျော်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ကျုံပျော်ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျုံပျော်ခရိုင် ၃ မြို့နယ်အတွင်းရှိ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနား ကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းမှ ကျုံပျော်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းမှ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ၊ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများနှင့် လွှတ်တော်မှ ကြိုးပမ်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးမှ လွှတ်တော်ရေးရာ အတွေ့အကြုံများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများမှ ကျုံပျော်ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်ဆက်သွယ်ရေး ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)