မြောင်းမြတွင်ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ပြင်ရွာကျေးရွာအုပ်စု၊ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြေငှားဂရန်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးအောင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ ခရိုင်နှင့်မြို့နယ် မြေစာရင်းဦးစီးဌာနမြို့နယ် ဦးစီးမှူးတို့က ပြင်ရွာကျေးရွာအုပ်စုရှိ ကျေးရွာမြေငှားဂရန် လျှောက်ထားသူများအား မြေငှားဂရန်များကို အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် ပြင်ရွာကျေးရွာအုပ်စု၊ ကျေးရွာနေပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဆိုပါကျေးရွာမှ မြေငှားဂရန် လျှောက်ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မို့မို့(ပြန်/ဆက်)