ဇလွန် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နာယက ဘဒ္ဒန္တဉာတိက သဖန်းကုန်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များအား မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ လှူဒါန်းထားသော လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပြီး နာယက ဘဒ္ဒန္တဉာတိက သဖန်းကုန်းကျောင်းဆရာတော်က အနုမောဒနတရားချီးမြင့်၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)