မန္တလေး ဇွန် ၂၅
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမအသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်ကြီးတံခွန်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးက အခွန်ဆိုင်ရာ သိကောင်းစရာများနှင့် ဝင်ငွေခွန် ကြေညာလွှာအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အသင်းစုများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ရှင်းလင်းပြီး မြို့နယ်သမဝါယမအသင်းစု ၂၃ စုတို့က ဝင်ငွေ ကြေညာလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)