ပြင်ဦးလွင်မြို့နယ်တွင် ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နာရသိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ပြင်ဦးလွင်မြို့နယ်တာဝန်ခံနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။