ကျောက်ပန်းတောင်း ဇွန် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့်၊ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည် ရှေ့ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က Grade-8 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောသည်။ ယင်းနောက် ဝန်ထမ်းများက ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးကြသည်။ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ ၁၉၀ စောင်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ ၁၅၀ နှင့် လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ ၁၅၀ စုစုပေါင်း စောင်ရေ ၄၉၀ အား ဖြန့်ဝေပေးခဲ့ပြီး၊ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)