ပြင်ဦးလွင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မိုးလှိုင်မှအဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း၊ သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များအကြောင်း၊ သင်တန်းသား၊ ကျောင်းသူများအနေဖြင့်လည်း သင်တန်းကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်စေရန် အချိန်ပြည့် တက်ရောက်ကြရန် လိုအပ်ကြောင်းနှင့် သင်တန်းတက်ရောက်ပြီးပါက လုပ်ငန်းပြန်လည်ထူထောင် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် လူသုံးကုန် ထုတ်လုပ်နည်းများအား စာတွေ့ သုံးဆယ်ရာခိုင်နှုန်း၊ လက်တွေ့ခုနစ်ဆယ်ရာခိုင်နှုန်ဖြင့် ၂၄.၆.၂၀၂၆ရက်နေ့မှ ၂၈.၆.၂၀၂၆ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား သင်တန်းကာလငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေးခရိုင်(ပြန်/ဆက်)