မန္တလေး ဇွန် ၂၅
မန္တလေးမြို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(PUBLIC TALK) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက “ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးကျော်စိုး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမှူး ဒေါ်နွယ်နွယ်အောင်၊ ပြည်ကြီးတံခွန်မြို့နယ်စက်မှုနယ်မြေရဲစခန်းမှ ဒုရဲမှူး လူလှ၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အငယ်တန်းအင်ဂျင်နီယာ ဦးဉာဏ်လင်းထက်တို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)