မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(အကြို) ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပခဲ့သည်။