မြောက်ဥက္ကလာပမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး(Oravacs) နောက်ဆုံးအကြိမ်ဆက်လက်တိုက်ကျွေးပေးလျက်ရှိ

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၅ နှစ်မှ ၇ နှစ် ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs) အား နောက်ဆုံးအကြိမ်တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဆက်လက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြားနေကြသော အသက် ၅ နှစ်မှ ၇ နှစ်ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) နောက်ဆုံးအကြိမ်အဖြစ် စနစ်တကျဆက်လက်တိုက်ကျွေးခဲ့ကြရာ တာ၀န်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ် (၅၂၂၃)ဦးရှိပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကလေးများအား နောက်ဆုံးအကြိမ်အဖြစ် ဆက်လက်ကွင်းဆင်းကာ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)