ဒဂုံတောင် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ လျာထားမဲရုံးထားရှိမည့်နေရာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်ကာ ယမန်နေ့ညနေ ၃ နာရီ ၃၀ မိနစ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်ရှိ မဲရုံ(၅)ရုံ၏ တည်နေရာနှင့်အခြေအနေများ မဲရုံများတွင် ပြည်သူများလာရောက်ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ ဝင်ထွက်သွာလာမှု အဆင်ပြေစေရေးနှင့် လုံလောက်သောအကျယ်အဝန်း ရှိ/မရှိတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင် ဦးဆောင်ကာ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်၊ အမှတ်(၂၅)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။
သန်းသန်းအေး(ပြန်/ဆက်)