၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၅

၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ယမန်နေ့နံနက်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)