တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အခမဲ့ထိုးနှံပေး

တောင်ဥက္ကလာပ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက (၁.၉.၂၀၂၅)မှ(၃၁.၈.၂၀၁၆)အတွင်း မွေးဖွားသူမိန်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ ထို့သို့ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတက်သော သားအိမ်ခေါင်းကင်ဆာအပါအဝင်အခြားသော ကင်ဆာရောဂါများကိုလည်း ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် ကျောင်းတက်သူမိန်းကလေးငယ်များအား ကျောင်းတွင်လည်းကောင်း ကျောင်းပြင်ပမိန်းကလေးငယ်များအနေဖြင့် သင်ဆိုင်စုရပ်များတွင်လည်းကောင်း မပျက်မကွက် သွားရောက်ထိုးနှံသင့်ကြောင်းလည်း သိရှိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံမည့်တစ်ပတ်အတွင်းနှင့် ထိုးနှံမည့်နေ့တွင်ဖျားနာခြင်းများ၊ အခြားကာကွယ်ဆေးထိုးနှံရာတွင် ပြင်းထန်စွာဓာတ်မထည့်မှု ဖြစ်ပေါ်ခဲ့သူများနှင့် ကိုယ်ခံအားကျဆင်းနေသူများအနေဖြင့် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ထိုးနှံကြစေလိုကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)