ရန်ကုန်တိုင်းဒေသကြီး

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲ သုံးခွမြို့၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံသန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက အ.ထ.က(၁) အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅)နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်းအနားကျင်းပ

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅)နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်း အနားကို အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်‌‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော် သီတင်းကျွတ်လပြည့်ကျော်(၁)ရက် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက္ကစံဆံတော်ရှင် စေတီတော်ရင်ပြင်နှင့်ဘုရားပရဝုန်တွင် အောက်တို ဘာလ ၇ ရက်နေ့ ညနေပိုင်းက သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ စေတီတော်ရင်ပြင်တွင်  ဆီမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူး လာပြည်သူများ၊ ပဌာန်းရွတ်ဖတ်ပူဇော်သူများ၊ တရားဘာဝနာပွားများသူများဖြင့် စည်ကားလျက် ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ဆက်လက်ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (င/ခ)ရပ်ကွက်၊ (င/က)ရပ်ကွက်၊(ဆ/က) ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ (ဆ/ခ)ရပ်ကွက်၊ ဇဝနရပ်ကွက်၊ ကျိုက္ကဆံအနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုနိုင်ရန် ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲနောက်ဆုံးနေ့ကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်ကား

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားနောက်ဆုံးနေ့ကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်း ရပ်ကွက်များအလိုက် ဆက်လက်ကပ်ထားကြေညာ

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်များ၌ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်‌ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ ၁၃ ရက်‌နေ့အထိ ကြေညာထားလျက်ရှိရာ ယမန်နေ့တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်၊‌ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲ‌‌တော် ဖျော်ဖြေရေးအစီအစဥ်အဖြစ် ဈေးရောင်းပွဲတော်များကို ယမန်နေ့ ည (၈)နာရီ၌ အမှတ်(၇)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းရှိ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို အောက်တိုဘာ ၆ ရက်မှစတင်၍ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)တွင် သမိုင်းဝင်ရွှေဆံတော်စေတီတော် မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့်အထူးစည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက် ဆူကိန်းဝပ်တော်မူသောဆကေသာဓာတု ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယနေ့ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဆံတော် စေတီတော် မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး