‎​ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အ.မ.က အရှေ့ပိုင်းကျောင်းတွင် ကျင်းပ

‎‎​ကျောက်တန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က အရှေ့ပိုင်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ (၁၀)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။  

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် သဘာ၀ ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကိုဟောပြောကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများစာပေကို ပိုမိုမြတ်နိူးတတ်စေရန်အတွက်စာအုပ်ပြပွဲပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာနံရံကပ်ပြဘုတ်များ၊ လူငယ်ရေးရာဆိုင်ရာနံရံကပ်ပြဘုတ်များပြသရာခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဗဟုသုတရရှိစေရန်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်/ဆက်)