လက်ပံတန်း၌ တီဘီရောဂါတိုက်ဖျက်ရေးအရှိန်မြှင့်ဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ဝန်ထမ်းများက ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ တီဘီရောရှာဖွေကုသရေးလုပ်ငန်းများ ဆောင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မင်းရပ်ရပ်ကွက် ဆရာစံလမ်းသွယ် (၆) သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက တီဘီရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရင်းများ၊ ရောဂါသွင်ပြင်နှင့် လက္ခဏာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါရှိသူနှင့် အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ ပိုးတွေ့လူနာများအား DOT စနစ်ဖြင့် တီဘီဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)