ကိုကိုးကျွန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ (၄) နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ယခုလို Youth Club အသင်းအဖွဲ့များနှင့် အပတ်စဉ် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသော အောင်မြင်မှုသို့ ခြေလှမ်း(၁၀၁)လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို စတင်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ လုပ်ငန်းအစီစဉ်ဆွဲပါခေါင်းစဉ်၊ အပြစ်မပြောပါနဲ့ခေါင်းစဉ်များဖြင့် စတင်ဦးဆောင် ဖတ်ရှုဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Youth Club အသင်းဝင်များမှ အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)