ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ဆိပ်ကြီးကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်ပေါ်လာစေရန် လူငယ်နှင့်စာပေအကြောင်းအရာများအားလည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနကဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ စသည့်အကြောင်းအရာမျာအား ဟောပြောပြီးကျောင်းအုပ်ဆရာမကြီးဒေါ်သန္တာထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာဖတ်ရှုကြပြီး ပြသထားသောနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)