သန်လျင်မြို့နယ် အ.ထ.က သပြေကုန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကုန် စက်တင်ဘာ ၃

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က သပြေကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျလက်ဆေးနည်းများ၊ သွားခံတွင်းသန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကာ အာဟာရဖြစ်စေမည့် အစားအစာများအားကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)