ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။