ရန်ကုန် စက်တင်ဘာ ၃
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနတွင် စက်တင်ဘာ ၁ ရက်နေ့ စက်တင်ဘာလ(၁)ရက်နေ့က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသုခလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသုခလှိုင်နှင့် တာဝန်ရှိသူများက တူညီဝတ်စုံများကို အရန်တပ်ဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကိုစက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ စက်တင်ဘာလ(၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သလို သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ကို တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)