ခရမ်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်လှစ်

ခရမ်း စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့  မွန်းလွဲ (၃)နာရီအချိန်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်းမှာ  မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါကလည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အရန်မီးသတ်ဝတ်စုံများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

အဆိုပါသင်တန်းကို ရပ်ကွက်၊ ကျေးရွာများက အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး ရွေးချယ်စုဖွဲ့ထားပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်(၅)ဦးက စည်းကမ်းသေသပ်မှု၊ မီးသတ်ပညာဘာသာရပ်နှင့်ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)