သုံးခွ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းစောဝေက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တ ရာယ်မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဒီလိုဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုန့်ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရည် ရွယ်၍ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် သုံးခွမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ထွဠ်က သင်တန်းဖွင့်လှစ်ရခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားကာ အရန်မီးသတ်တူညီဝတ်စုံများအာသက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအား အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၁ ရက်နေ့ မှ ၂၆ ရက်နေ့အထိ သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း(ပြန်/ဆက်)