ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း MEVM ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးနိုင်လင်းကိုကိုက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း MEVM ကိုင်တွယ်အသုံးပြုနည်းကို ရပ်ကွက်နေပြည်သူများအား ရှင်းလင်းပြသခဲ့ပြီး ရပ်ကွက်နေပြည်သူ ၂၉၁ ဦးက လက်တွေ့စမ်းသပ်မဲပေးကြခဲ့သည်။
အဆိုပါမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ရာသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင် ဦးစီးမှူး ဦးမောင်မောင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဝေယံ (ပြန်/ဆက်)