စမ်းချောင်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စမ်းချောင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး၀င်းနိုင်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး ကျောင်း သား/သူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုအား ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဘ၀င်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ကြောင်းသိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)