ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၏ (၉/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ကပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေး(၈/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံ ရေးများကိုပေါ့လျော့မှုမရှိစေရေးအတွက် လက်အောက်ဌာနများကို အထူးဂရုပြုကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုအပ်ကြောင်း စသည်တို့ကိုပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့်ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အ ကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ မီးသတ်ဦးစီးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)