ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) သက်တမ်းတိုးဆောင်ရွက်ပေး

ကျောက်တန်း စက်တင်ဘာ ၅

ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ်(20/21)ရှိ Wilmar Myanmar Edible Oils လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်( Fire Safety Certificate )သက်တမ်းတိုးဆောင်ရွက်ခြင်းကို ၃.၉. ၂၀၂၅ ရက်နေ့  မွန်လွဲ(၁၃)နာရီက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့်ကိုက်ညီမှုရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးထင်အောင်လင်း ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

နေလင်းကျော်(ပြန်/ဆက်)