သန်လျင်မြို့ အ.ထ.က(၂)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်နှင့် လူရည်ချွန်တို့အား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် စက်တင်ဘာ ၅

သန်လျင်ခရိုင် သန်လျင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်နှင့် လူရွယ်ချွန်တို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများနှင့် လူရွယ်ချွန်ဆုရရှိသူ Grade – 9 မှ မောင်မြင့်မြတ်မောင်တို့အား ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များက ဂုဏ်ပြုဆုများပေးအပ်ချီမြှင့်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)