ဒလမြို့နယ် ကမာကဆစ် အလယ်ကျောင်းစာသင်တိုက်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဒလ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ် (၁:၀၀)နာရီက ကမာကဆစ်ရပ်ကွက်၊ ကမာကဆစ် အလယ်ကျောင်း စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနှင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ ဦးရွှေလှိုင်နှင့် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)