တိုက်ကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရား၌ပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သပြေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

အသိပညာပေး ဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသန္တရအမိန့်များလိုက်နာရေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေအောင်လွင်က ပြစ်မှုမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရေး၊ ခရိုင်ဥပဒေအရာရှိက ပြည်သူများ ဥပဒေအသိအမြင် ကြွယ်ဝစေရေးနှင့် တရားဥပဒေကို လေးစားလိုက်နာစေရေး၊ ဒုတိယခရိုင်တရားသူကြီးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေး၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှုပပျောက်စေရေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုအကြောင်း၊ ကတိုင်စိန်ရဲစခန်းမှူးက မှုခင်းကင်းစင်သည့် ရပ်ရွာပတ်ဝန်းကျင် ဖြစ်လာစေရေးတို့ကို အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေးနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)