လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအား ယမန်နေ့နေ့လယ် (၁)နာရီအချိန်က အ-ထ-က(၅) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောင်းကားမှုသည် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပါအဝင် အခြားရာဇဝတ်မှုများကိုပါ ဆက်စပ်လျက်ရှိကြောင်းတို့ကို မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှု့ခဲ့ကြပြီး ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
လဲ့လဲ့ဝင်း(ပြန်/ဆက်)