အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်ရေး အသိညာပေးဟောပြောပွဲ တာမွေမြို့နယ်၌ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်ရေး အသိညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှု ဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။