ရှမ်းပြည်နယ်

တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့တွင် စာဖတ်ရှိန်​မြှင့်တင်​​​ရေး နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်​ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များ၌ မီးဘေးလုံခြုံရေးစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်​ ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် အမှတ်(၁) မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခိုလမ်မြို့၌ မူလွန်(ဝမ်ဖွီး)နှင့် အ.မ.က (နောင်ပိန်)ကျောင်းတို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)နှင့် အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တို့တွင် ဆောင်ရွက်ခဲ့သည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပိန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၌ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)၌ လူငယ်နှင့်မူးယစ်ဆေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ်အတွင်း လမ်းပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် တောင်ကြီးမြို့နယ် အတွင်း ရှိ လမ်းများ ပြုပြင်နေမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်