ပင်းတယမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား သွင်းအားစုပေးအပ်ပွဲ ကျင်းပ

ပင်းတယ ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု အင်းငယ်ဘုန်း‌တော်ကြီးကျောင်းတွင် ယမန်နေ့က အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည့်ဖြိုးအောင်မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် ညောင်ပင်ဝိုင်းစိုက်/ထွေသမဝါယမ အသင်းသူ၊ အသင်းသားသားများအား သမဝါယမဦးစီးဌာနမှ ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့်ပေးအပ်သော သက်တန့်ရောင်စီမံကိန်း "အရင်းမပျောက်ရံပုံငွေ" ဖြင့် မိုးစပါးအတွက်သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။

ဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် အသင်း(၂)သင်းမှ တောင်သူများအတွက် စုစုပေါင်းစိုက်ဧက (၁၂၄)အတွက် ငွေကျပ်သိန်း (၃၅၇ ဒသမ ၁၂) နှင့်ညီမျှသော သွင်းအားစုများအား အသင်းသားတောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)