ရှမ်းပြည်နယ်

မိုင်းရှူးမြို့နယ်ရှိ မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ပင်းတယမြို့ (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီအချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ပြပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ မဲပေးစက်များထုတ်ပေးမှုနှင့် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲပေးစက်များ ထုတ်ပေးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နမ့်စန်မြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း‌အဝေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ကျိုင်းတောင်းမြို့သို့ MEVM မဲပေးစက်နှင့်မဲရုံသုံးပစ္စည်းများပို့ဆောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျိုင်း‌တောင်းမြို့သို့ စနစ်တကျဖြန့်ဝေပို့‌ဆောင် ပေးခဲ့ကြသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင် လစာငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

သီပေါမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ယနေ့နံနက် ၈ နာရီက ဝက်ဝံယာယီပျံကျဈေး၌ ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖယ်ခုံမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ၊ မဲရုံအသီးသီးတွင် တာဝန်ချထားသည့် ဌာနဆိုင်တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဖယ်ခုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

လားရှိုးမြို့တွင် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုး၊ ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်