ကွန်ဟိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာနှင့်အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဇွန် ၁၂

ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးအောင်ကျော်စွာက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး၊ ဦးအောင်ကျော်စွာက ကျောင်းသား/ကျောင်းသူများအတွက် အားကစားလက်ဆောင်များပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးမူက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)