ရှမ်းပြည်နယ်

တောင်ကြီးမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်​ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၈ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ပျူတာတက္ကသိုလ်အဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ ကျင်းပရာ ကလောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀:၀၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမဖွင့်ပွဲ ပြုလုပ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) ပြည်ထောင်စုခွင့်ပြုငွေရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာ စာကြည့်တိုက်အပါဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း (၅၀'×၂၇'×၁၂') ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နောင်တခေါကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ် ခဲ့သည်။

လဲချားတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝမ်ကန်ကျေးရွာ ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝမ်ကန်ကျေးရွာဘက်စုံသုံး ခန်းမဖွင့်ပွဲအခမ်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပခဲ့ပါသည်။

တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များစုပေါင်း၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများ ပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင်‌ ဟောပြောပွဲ၊အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံ‌ပြောပြိုင်ပွဲများကို ယမန်‌နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်