ရှမ်းပြည်နယ်

မိုးနဲမြို့နယ်တွင် (၄၁)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၄၁)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော်ကို နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောင်းတိုက်နေရာတို့တွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြန်မာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အမှတ် (၁) ရပ်ကွက်ရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကြီးမှူး၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဖွင့်လှစ်သည်။

မိုးနဲမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ယာယီ​နေရပ်စွန့်ခွာ ပြည်သူများအား ​ထောက်ပံ့​ငွေများပေးအပ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဟာရပြည့်ဝသော တိရစ္ဆာန် အစာဖူလုံရန် ထုတ်လုပ်မှုမြင့်မား‌စေရနရန်၊ အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစာပင်များစိုက်ပျိုး၍ လုံလောက်စွာကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များကျန်းမာပြီး ထုတ်လုပ်မှုမြင့်မားလာစေရန်၊ မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးအမြတ်ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်း၊ မြက်ချဉ်ဖက်ပြုလုပ်ခြင်းနှင့် ကောက်ရိုးပြုပြင် ကျွေးမွေးခြင်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် ဈေးကွက်အာမခံချက်ရှိသောကြောင့် အစေ့ကြားကြက်ဆူတောင်သူများ တိုးချဲ့စိုက်ပျိုးလာ

ရွာငံမြို့နယ်ရှိ တောင်သူများသည် အခြားသီးနှံများထက် စီးပွားရေးတွက်ခြေကိုက်သောကြောင့် အစေ့ကြားကြက်ဆူများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။

ညောင်ရွှေမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့၏ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁၂) နာရီက ညောင်ရွှေမြို့ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်ရွှေမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်