ပင်လုံ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို အမှတ် (၁) ရပ်ကွက်ရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပင်လုံမြို့ အမှတ် (၁) ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ပြည်သူများကို တစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၃၄) ဦးအတွက် ထောက်ပံ့ငွေ (၆,၆၈၀,၀၀၀) ကျပ်အား အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့မှ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)