တန့်ယန်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ကြီးမှူး၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် (တပ်မတော်အရာရှိ) ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်အောင်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သင်တန်းကို ခရိုင်နှင့်မြို့နယ်တိုမှ တာဝန်ရှိသူများက ဆက်လက်ပို့ချရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၄၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)