လွိုင်လင် ဖေဖော်ဝါရီ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီက အဆိုပါမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီးနောက် သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများမှ အရန်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သင်တန်းသား (၅၀) ဦး တက်ရောက်ကြပြီး (မွမ်းမံ)သင်တန်းကို ရက်သတ္တနှစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး