ဟိုပုံးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးကျောင်းတွင်း စစ်စာမေးပွဲများ ဖြေဆိုပြီးစီး

ဟိုပုံး ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်း စစ်စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ(၁၇)ရက်နေ့မှ စတင်ဖြေလျက်ရှိရာ ယမန်နေ့တွင် ဖြေဆိုပြီးစီးကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခြင်းကို ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11၊ Grade-12 မှ ကျောင်းသား၊ ကျောင်းသူများက တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ထိ (KG မှ Grade-3) အပါအဝင် (Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11၊ Grade-12)မှ ဖြေဆိုသူ ကျောင်းသား/သူ (၁၈၈၇၂) ဦးရှိပြီး ပျက်ကွက်သူ(၃၁)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း(၉၉.၈၄)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)