မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ဟောပြာပွဲကျင်းပပြုလုပ်

မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ယမ်းမိုင်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ယမ်းမိုင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဘာသာရေးအခြေအနေများ အဆင်ပြေချောမွေ့စေရေးဆွေးနွေးခြင်း၊ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများအကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ကြပြီး၊ ဒေသခံမိဘပြည်သူများမှ ဘာသာသာသနာကိစ္စ၊ ကျေးရွာဖွံ့ဖြိုးရေးကိစ္စ၊ လူမှုရေးကိစ္စများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးစေလိုကြောင်း  ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများက မိမိတို့သိရှိလိုသောအကြောင်းအရာများကို မေးမြန်းတင်ပြကြရာ သက်ဆိုင်ရာဌာနများကကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းသို့ ယမ်းမိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)