ရှမ်းပြည်နယ်

မိုင်းကိုင်မြို့နယ်၌ ဒုတိယအကြိမ်မြောက် ပရိယတ္တိနွေရာသီသင်တန်းကျောင်း(Summer School) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားစေရန်၊ ရှင်သာမဏေများနှင့် စာပြပုဂ္ဂိုလ်များ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက်၊ ပရိယတ္တိ နွေရာသီသင်တန်းကျောင်း (Summer School)ဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက  အမှတ်(၄)ရပ်ကွက်ရှိ  မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ  ဆရာတော်သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ သင်ကြားရေးဆရာဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့်  ရှင်သာမဏေများ  တက်ရောက်ခဲ့ကြသည်။

မိုင်းယောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တောင်ကြီးမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွှေဘုန်းပွင့်စေတီတော်အဝင်လမ်း မုဒ်ဦးဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ကျက်သရေဆောင်ရွှေဘုန်းပွင့်စေတီတောအဝင်လမ်း မုဒ်ဦးတည်ဆောင်မည့်နေရာနှင့် ရွှေဘုန်းပွင့်အတက်လမ်း ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မည့်ကိစ္စရပ်များအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က မုဒ်ဦးများဆောင်ရွက်မည့်နေရာတွင် လမ်းအူကြောင်းကို အဓိကထားဆောင်ရွက်ပေးရန်နှင့် လမ်းခင်းရာတွင်လည်း လမ်းဖြေညှိဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရလွိုင်လင်မြို့ ရတနာစည်စာသင်တိုက်ဆရာတော်အား ကြိုဆိုပွဲကျင်းပ

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်က ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ လွိုင်လင်မြို့ ရတနာစည်စာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိဇယာနန္ဒအား ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပါသည်။

လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က (လဲချား) ကျောင်းသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဟိုပုံးမြို့နယ်တွင် အများပြည်သူ အလုပ်ပိတ်ရက်ရှည်ကာလအတွင်း အပန်းဖြေခရီးသွားလာသူများ၊ ဘုရားဖူးကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အများပြည်သူ အလုပ်ပိတ်ရက်ရှည်ကာလအတွင်း ဘုရားစေတီများ၊ အထင်ကရနေရာများ၌ အပန်းဖြေခရီးသွားလာသူ၊ ဘုရားဖူးကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှေးဦးပြုစုခြင်း အခြေခံ (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူး၍ မြို့နယ်ကြက်ခြေနီသူနာပြတပ်ဖွဲ့ဖြင့် ပူးပေါင်းကာ ရှေးဦးပြုစုခြင်း အခြေခံ (၂/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆန်းစစ်စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လင်းခေး၌ နွေရာသီအပူရှောင်စခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၏အစီအစဥ်ဖြင့် လင်းခေးမြို့ နွေရာသီအပူရှောင်စခန်းဖွင့်ပွဲအ ခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လင်းခေးမြို့၊မဟာဝိဟာရ ပရိယတ္တိစာသင်တိုက်(ကျောင်းကြီးကျောင်း)ပုရိဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်