အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရလွိုင်လင်မြို့ ရတနာစည်စာသင်တိုက်ဆရာတော်အား ကြိုဆိုပွဲကျင်းပ

လွိုင်လင် မတ် ၁၆

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်က ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ လွိုင်လင်မြို့ ရတနာစည်စာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိဇယာနန္ဒအား ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပါသည်။

ဦးစွာ  ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့်လွိုင်လင်မြို့  ရတနာစည်စာသင်တိုက် ဆရာတော်သည် ယမန်နေ့က နေပြည်တော်မှ ပြန်လည်ကြွချီလာရာ လွိုင်လင်မြို့အဝင် တိုးဂိတ်သို့ ယနေ့နံနက် (၉) နာရီတွင် ရောက်ရှိပြီး တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်ရွတ်ဓမ္မစင်္ကြာအဖွဲ့များက ဝတ်ရွတ်ခြင်း၊  တိုင်းရင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အိုးစည်ဘုံမောင်းတီး၍ ကြိုဆိုခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ မြို့အဝင်တိုးဂိတ်မှ ပြည်ထောင်စုလမ်းမကြီး အတိုင်းမော်တော်ယာဉ်များဖြင့် ပင့်ဆောင်လာကြရာ ထိုမှတစ်ဆင့် တွင်းမင်းလမ်းမ၊ ထိုမှတစ်ဆင့် ဘုရင့်နောင်လမ်း၊ ယင်းနောက် ဗောဓိလမ်းမှ ဆရာတော်သီတင်းသုံးရာ ရတနာစည်စာသင်တိုက်သို့ ပင့်ဆောင်ပူဇော်ကြပြီး စိန်ရတနာကျောင်းဆောင် အပေါ်ထပ်တွင် ဧည့်ပရိတ်သတ်များက ပူဇော်ကန်တော့ပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တ့ဆိပ်တော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် ဆက်ကပ်ခြင်းခံရကြောင်း သိရသည်။

လွိုင်လင်မိုး(ပြန်/ဆက်)