မိုင်းရှူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မိုင်းရှူး မတ် ၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမှတ် (၁) လှူပ်ရှား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ခိုင်မြတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  အဆိုပါကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ​ဖြေဆိုခန်းများစီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးရန်စီစဉ်ထားရှိမှု၊ စာဖြေခန်းတွင် လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ခြင်း ရှိ/မရှိ၊ ပတ်ဝန်းကျင် ဆူညံ့သံများမရှိစေရေး၊ မီးဘေးလုံခြုံရေး စနစ်တကျဆောင်ရွက်ထားရှိမှု၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးအတွက် စီစဉ်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးရှိကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)