ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှေးဦးပြုစုခြင်း အခြေခံ (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ဟိုပုံး မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူး၍ မြို့နယ်ကြက်ခြေနီသူနာပြတပ်ဖွဲ့ဖြင့် ပူးပေါင်းကာ ရှေးဦးပြုစုခြင်း အခြေခံ (၂/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆန်းစစ်စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းပွဲနှင့် ဆန်းစစ်စာမေးပွဲအား ကျင်းပရာ သင်တန်းသား/သူ (၃၅)ဦးက ဝင်ရောက်ဖြေဆိုခဲ့သည်။ 

သင်တန်းအား မတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ သုံးရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီနှင့် သင်တန်း နည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေ့ဦးပြုစုခြင်းအတွေးအခေါ်များ၊ လူနာ ဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဒဏ်ရာအမျိုးမျိုနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည် ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည့်တို့ကို ရှေးဦးပြုစုနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံ အသက်ကယ်အထောက် အကူပြုနည်း စသည့် အကြောင်းအရာများအား စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကာ သင်တန်းဆန်းစစ်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)