ဟိုပုံးမြို့နယ်တွင် အများပြည်သူ အလုပ်ပိတ်ရက်ရှည်ကာလအတွင်း အပန်းဖြေခရီးသွားလာသူများ၊ ဘုရားဖူးကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ

ဟိုပုံး မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အများပြည်သူအလုပ်ပိတ်ရက်ရှည်ကာလအတွင်း ဘုရားစေတီများ၊ အထင်ကရနေရာများ၌ အပန်းဖြေခရီးသွားလာသူ၊ ဘုရားဖူးကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ ထမ်းစမ်းဟိတ္ထိပါလဓမ္မစက္က သာသနာ့ရောင်ခြည်လှိုဏ်ဂူတော်၊ ထမ်းစမ်းရွှေတိဂုံစေတီတော်၊ မယ်တော်ကျောင်း၊ သိရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးနှင့် မြို့မရေလွှဲဆည်စသည့် နေရာများတွင် အများပြည်သူအလုပ် ပိတ်ရက်ရှည်ကာလဖြစ်သည်နှင့်အညီ ရပ်ဝေးရပ်နီးမှ အပန်းဖြေခရီးသွားလာသူများ၊ ဘုရားဖူးကောင်းမှု ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)